Sunday, December 16, 2007

ဘ၀တွင် ခ သုံးလုံးကို သတိပြုမိရန်

ဘ၀တွင် ခံစားမှုနောက် မလိုက်ပါနှင့်
ခံနိုင်ရည်ရှိပါစေ၊
သည်းခံခွင့်လွှတ်တက်ပါစေ။

Sunday, December 2, 2007

့အနာဂတ်အတွက် ကြယ်တစ်ပွင့် ဖြစ်စေရန်

မိမိတွင် ရည်မှန်းချက် တစ်ခုထားပါ။ မိမိလုပ်ကိုင်သော အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ပါ။ ထို့သို့ လုပ်ကိုင်ခြင်းကြောင့် မိမိအတွက် နေရာတစ်နေရာသည် ရှိစမြဲဖြစ်သည်။ မိမိလုပ်ကိုင်ရာတွင် တစ်ခါတစ်ရံ အမှားများရှိတက်သည်။ လူမှန်လျှင် အမှားနှင့် မကင်းပါ။ ထိုအမှားသည် နောက်တစ်ခါတွင် မိမိအတွက် ဥပမာဖြစ်သည်။ ထို့အပြင် မိမိကိုယ်ကို ယုံကြည်ချက်ရှိရန် ကြိုးစားပါ။ အလုပ်လုပ်ရာတွင် လူအများနှင့် ဆက်ဆံရတက်သည်။ ထိုအခါ စိတ်ရှည်သည်းခံခြင်း အားလုံးအပေါ် နားလည်ရန် ကြိုးစားပါ။ မိမိအိမ်တွင်မိမိအလိုရှိရာကိုရရှိရန် မိဘများအား အမှီသဟဲပြုသကဲ့သို့ မိမိရည်မှန်းချက် ရောက်ရှိရန် ပတ်ဝန်းကျင်သစ်တွင် မိမိအတွက် အကောင်းဆုံးသော အမှီသဟဲ ပြုနိုင်မည့် အကောင်းဆုံးသော နေရာတစ်ခုကို ရှာဖွေသင့်သည်။ မိမိသည် ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်ပြီး တိုင်းပြည်၏ တစ်ထောင့်တစ်နေရာတွင် ကျရာအခန်းကဏ္ဍတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ပြီး လာမည့်အနာဂတ်အတွက် ကြယ်တစ်ပွင့် ဖြစ်လာမည်။